ပန်းဘဲတန်းမြို့နယ် ရပ်ကွက်ကော်မရှင်ရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကပ်ထားကြေညာ

ပန်းဘဲတန်း ဩဂုတ် ၃၀

ပန်းဘဲတန်းမြို့နယ်၊ ရပ်ကွက်ကော်မရှင်ရုံးများတွင် တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ် လွှတ်တော်၊ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ကပ်ထားကြေညာကြောင်း သိရှိရပါသည်။

ပန်းဘဲတန်းမြို့နယ်၊ ရပ်ကွက်ကော်မရှင်ရုံးများတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊  ပန်းဘဲတန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်  အမှတ်(၁)၊ အမှတ်(၂)တွင် ဝင်ရောက် ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း များကိုဩဂုတ်လ(၃၀)ရက်နေ့မှ စတင်ကြေညာပေး ထားမည်ဖြစ်ပြီး၊ အဆိုပါကိုယ်စားလှယ် လောင်းများသည် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရရှိပါသည်။

နေခြည်(ပြန်/ဆက်)