အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါနှင့်သွေးလွန်တုပ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်             ဩဂုတ်        ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ခြင်မှတစ်ဆင့် ကူးစက် ရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်၊ ဆင်ခြေထောက် ရောဂါဖြစ်ပွားမှု မရှိစေရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါနှင့်သွေးလွန်တုပ်ရောဂါကြိုတင် ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ပညာရှင် ကျွမ်းကျင်သူများ Basic Health Staff Professionals နှင့် စေတနာရှင် Volunteersများ ပူးပေါင်း၍ ကမ်းနားအလယ်ရပ်ကွက် အတွင်းရှိ လမ်းများ၊နေအိမ်များသို့ သွားရောက်၍ ခြင်ဆေးဖျန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ် စသည်တို့ကို ဆောင်ရွက်ခဲ့ကြပြီး Handspeaker များအသုံးပြု၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပုံ၊ ကူးစက်ပုံရောဂါ လက္ခဏာများ ကာကွယ်နည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ ကြသည်။

ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်များကိုလည်း ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ ကို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)