ချမ်းမြသာစည်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်

ချမ်းမြသာစည် မတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မန္တ‌‌လေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ၂ နာရီက (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ဉာဏ်စမ်းသုတပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက  ကျောင်းသား၊ ကျောင်းသူများ ဉာဏစွမ်းရည် တိုးတက်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြု တတ်လာစေရန်၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ် စေရန်၊ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ရ သည့်ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျည်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး၊ ဉာဏ်စမ်းသုတပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့ အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ဆုများနှင့် လက်ဆောင်များကို ပေးအပ်ချီး မြှင့်ခဲ့ကြောင်း သိရသည်။

ခင်စိမ်း၀င်း