ဟိုပုံး မတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နွေရာသီ အခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမို့မို့မောင်မှ ဟိုပုံးမြို့နယ်တွင် နွေရာသီအခြေခံအားကစားနည်း သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ အားကစားနည်းဆပ် ကော်မတီ၊ နည်းပြများတွေ့ဆုံကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။ ဟိုပုံးမြို့နယ်တွင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအားကစားကွင်း၊ အခြေခံပညာမူလွန်ကျောင်း (အ.မ.က-၃)နှင့် အခြေခံပညာမူလတန်းကျောင်း(အ.မ.က-၁)ရှိ အာကစား ကွင်းများတွင် ဘောလုံး၊ ဘော်လီဘော၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ Aerobic နှင့် Fitness Dance အားကစားပြိုင်ပွဲများကို မတ်(၂၅)ရက်နေ့မှ ဧပြီ(၇)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အားကစားကွင်းအခြေအနေများကိုလည်း တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)