သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးခြင်းဆောင်ရွက်

သာစည် မတ် ၁၅

မန္တလေးတိုင်းဒေသကြီး   သာစည်မြို့နယ်တွင်  ကလေးအလုပ်သမားပပျောက်ရေး   အသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်သင်းသင်းက  ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်အပိုင်းအခြား၊  ကလေးတစ်ဦး၏  ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊လူမှုဆက်ဆံရေးဖွံ့ဖြိုးမှု၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေး၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်များ စသည် ဖြင့် အသိပညာပေး ဟောပြော ဆွေးနွေးသည်။   ဆက်လက်ပြီးကလေး အလုပ်သမား ပပျောက် ရေးအသိပညာပေးနံရံကပ်စာစောင်များ ပြသရာ တက်ရောက်လာသူများက ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။ ထို့နောက် ကလေးအလုပ်သမား ပပျောက် ရေးအသိပညာပေး အချက်များ ပါဝင်သော ပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ  အသိပညာပေးပွဲသို့   သာစည်မြို့ အမှတ်(၁)နှင့်အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့မှ ကျောင်းသား/သူများနှင့်ဆရာ/မများ တက်ရောက်ခဲ့ ကြောင်း သိရသည်။                 

မြို့နယ်(ပြန်/ဆက်)