ကျောက်တော် မတ် ၁၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ မြို့နယ်စည်ပင်သာယာရေး ဈေးကြီးအတွင်း၌ မီးဘေးကြိုတင် တားဆီးရေးကော်မတီ၏ ကြီးကြပ်စီစဉ် ဆောင်ရွက်မှုဖြင့် မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးနှင့်မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက အဆိုပါဈေးကြီးအတွင်း၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းသို့ မြို့နယ်မီးဘေးကြိုတင်တားဆီးရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်နှင့်အဖွဲ့ဝင်များ၊ မြို့မဈေးကြီး တာဝန်ခံရုံးမှ စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောက်တော်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကျောက်တော်မြို့ရှိ မြို့နယ်စည်ပင် သာယာရေး မြို့မဈေးကြီးအတွင်းဖွင့်လှစ်ရောင်းချနေသော အဝတ်အထည်ဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဆေးပစ္စည်း အရောင်းဆိုင်များ နှင့်အလှကုန်ပစ္စည်း အရောင်းဆိုင်ခန်းများအတွင်း၌ လျှပ်စစ်မီးသုံးစွဲမှုမရှိစေရေးနှင့် ဆိုလာမီးသုံးစွဲမှုမရှိစေရေးတို့အတွက် ဈေးဖွင့်လှစ် ရောင်းချသူများအနေဖြင့် မိမိတို့၏ ဈေးဆိုင်ခန်းများအတွင်း၌ လျှပ်စစ်ဝါယာလျှော့ကြောင့် မီးလောင် မဖြစ်ပေါ်စေရေးတို့အား အလေးထားဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အဓိကအားထားနေရသည်မှာ မြို့ရွာတိုင်းရှိ ဈေးများပင်ဖြစ်ကြောင်း၊ အဆိုပါဈေးများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယခုလိုကွင်းဆင်းစစ်ဆေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဈေးသူ/ဈေးသားများအနေဖြင့် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မီးကိုပိုမိုဂရုပြုသုံးစွဲ ကြရန်လိုအပ်ကြောင်းပြောကြားပြီး မြို့နယ် အဆင့်ဌာနဆိုင်ရာများပူးပေါင်းပါဝင်သောအဖွဲ့မှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အရေးပေါ်ရေပိုက် လှိုင်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ဈေးအတွင်းရှိ ရေတိုင်ဂီများအတွင်း ရေသိုလှောင်နိုင်မှုအခြေအနေများ၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ကဒ်၊ မီးသတ်ခြွန်းများနှင့် မီးသတ် ဆေးဗူးများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း