ရမည်းသင်း မတ် ၁၅
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကန်မြင့်ကျေးရွာတွင် ကြက်သွန်နီစိုက်ပျိုးသူများယခင်နှစ်ကထက်စျေးကောင်းရရှိသဖြင့် အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
ကြက်သွန်နီစစိုက်ပျိုးရာတွင် ကြက်သွန်စတင်ပျိုးထောင်ကာ ပျိုးသက် တစ်လခွဲသားရက်ရှိလျှင် ကြက်သွန်စိုက်မည့်အခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုး ကြတယ် ကျွန်တော်ယခုနှစ်တော့ တစ်ဧကခွဲပဲစိုက်တယ် မျိုးဖိုး၊ ရေပိုက်သွယ်တန်းခ၊ ဓာတ်မြေသြဇာဖိုး၊ ပိုးသတ်ဆေးဖိုး၊ အလုပ်သမားခ စုစုပေါင်း (၁၅)သိန်းခန့်ကုန်ကျကြောင်းနှင့် စိုက်ပျိုးပြီး သုံးလကျော်အကြာတွင် တူးဖော်ရောင်းချလို့ရကြောင်း သိရသည်။
ကြက်သွန်ထွက်ရှိမှုမှာ တစ်ဧကခွဲကို ကြက်သွန်နီ ကုန်ချိန်ပိဿာ(၁၀၀၀၀)ခန့်ထွက်ရှိပြီး ကြက်သွန်ဈေးကယခင်နှစ်ကမကောင်းဘူး ယခုနှစ် တော့ ကြက်သွန်ဈေးကွက်ကောင်းတယ် ကြက်သွန်နီတစ်ပိဿာကို ၆၅၀ ထိရောင်းရတယ် ပွဲစားများအခင်းထိလာရောက် ဝယ်ယူကြောင်း ကြက်သွန်နီစိုက်ပျိုးသည့်တောင်သူ ဦးညွန့်ဝင်းကထံမှသိရသည်။
ခရိုင်(ပြန်/ဆက်)