ကျိန္တလီမြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကျိန္တလီ မတ် ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်း ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျိန္တလီမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ(Phase-6/7) ဒုတိယ အကြိမ်ထိုးနှံသည့် အသက်(၁၈)နှစ်အထက်ပြည်သူများနှင့် တစ်ကြိမ်မှမထိုးနှံရသေးသည့် အသက်(၁၈)နှစ် အထက် ပြည်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ ပေးလျက်ရှိရာ (Phase-6)ဒုတိယအကြိမ် ထိုးနှံသည့် အသက်(၁၈)နှစ်အထက်ပြည်သူ(၃၀)ဦး၊ (Phase-7) ဒုတိယအကြိမ် ထိုးနှံသည့် အသက်(၁၈)နှစ်အထက်ပြည်သူ(၁၉၀)ဦး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံသည့် အသက်(၁၈)နှစ်အထက် ပြည်သူ(၂၈)ဦး စုစုပေါင်း (၂၄၈)ဦး ကိုထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်စည်းကမ်းချက်များနှင့်အညီ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လူစုလူဝေးမဖြစ်ပေါ်စေရန် ကူညီလုပ်ကိုင် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ခိုင်မိုးမင်း(ပြန်/ဆက်)