မိုင်းယောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

မိုင်းယောင်း မတ် ၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စည်ပင်သာယာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၈ နာရီက မြို့မဈေး၌ မီးဘေးလုံခြုံရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအားထူယာ၊ တာဝန်ခံ အင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့မဈေးအတွင်းရှိ အရောင်းဆိုင်များနှင့် ဈေးဆိုင်ခန်းများသို့ သွားရောက်ကာ မီးဘေးလုံခြုံရေးများ၊ ရေသိုလှောင်ထားရှိမှုများ၊ မီးသတ်ဆေးဘူး ထားရှိအသုံးပြုနေမှုများတို့ကို စစ်ဆေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း