ကွမ်းခြံကုန်းမြို့နယ်တွင် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲကျင်းပ

ကွမ်းခြံကုန်း မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ မရှိစေရေး၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲကို ယမန်နေ့က Straits  Microfinance   Ltd နှင့် Pact  Glopal  Microfinancefund  အသေးစားငွေစုဝန်ဆောင်မှု လုပ်ငန်းရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တာဝန်ခံ ဦးမြတ်သူထိုက် ဦးဆောင်၍ တပ်ဖွဲ့ဝင်(၅)ဦးတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား မီးဘေးလုံခြုံရေး စီမံချက်ပါအတိုင်း မီးအတန်းအစားအလိုက် မီးငြှိမ်းသတ်နည်း မီးသတ်ပစ္စည်း ကိရိယာများ လက်တွေ့ အသုံးပြုနိုင်ရန်နှင့် မီးငြှိမ်းသတ်နည်း အဆင့်ဆင့် ချပြရှင်းလင်း ဆွေးနွေးပြီး မီးဘေးကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းဖြင့် မီးငြှိမ်းသတ်မှုအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ခြင်း ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ်