ပုဏ္ဏားကျွန်းမြို့ စက်မှုလက်မှုသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

ပုဏ္ဏားကျွန်း မတ် ၁၅

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှု လူငယ်သင်တန်း ကျောင်း (ပုဏ္ဏားကျွန်း) တွင် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က အဆိုပါ စက်မှုလက်မှု လူငယ်သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုလူငယ်သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ် ဦးအောင်သန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဆွေက မီဒီယာနှင့် သတင်းအချက်အလက် ဆိုင်ရာ သိနားလည်မှု (MIL) သင်တန်းမှတ်စုစာအုပ်ပါ သတင်းမှား/သတင်းမှန်ကို ခွဲခြားသည့် သတင်းအရင်းအမြစ်ကိုရှာဖွေခြင်း၊ သတင်းတစ်ပုဒ်လုံးကိုဖတ်ရှုခြင်း၊ သတင်းရေးသူကိုစစ်ဆေးခြင်း၊ အကိုးအကားများအား စစ်ဆေးခြင်း စသည့်အချက်အလက်များကို အကျယ်တဝင့်  ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ပြီး၊ တက်ရောက်လာသည့် သင်တန်းသားများက သိရှိလိုသည်များကို  စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုလူငယ်သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသားများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)