မိုးကောင်းမြို့နယ် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မိုးကောင်း မတ် ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၁၀)နာရီခွဲအချိန်တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ကော်မရှင်ရုံးသို့ ပေးပို့ထားရှိသော လူဦးရေစာရင်းအား စိစစ်ပြုစုထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းများနှင့် မြို့နယ်ထွေ/အုပ်မှ မြေပြင်ကွင်းဆင်း ပြုစုထားသော လူဦးရေစာရင်းအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေယျာစည်သူ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအရာရှိ ဒေါ်သူဇာဝင်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး