မြင်းခြံမြို့ မင်းကျောင်းတိုက် ဆန္ဒတော်ပြည့် ဓမ္မာရုံ၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်

မြင်းခြံ မတ် ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မင်းကျောင်းတိုက် ဆန္ဒတော်ပြည့် ဓမ္မာရုံ၌ အသံမစဲမဟာပဌာန်း ရွတ်ဖတ် ပူဇော်ခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မင်းကျောင်း တိုက် ဆရာတော် ဦးအာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော် ဦးကုမုဍမှ ဘုရားပင့် ဂါထာရွတ်ဆိုခြင်း၊ ဆရာတော် ဦးပညာဝံသမှ ဒေဝနိမန္တန ဂါထာတော်ဖြင့် နတ်မြဗ္မာတို့အား ပင့်ဆောင် ပူဇော်ခြင်း၊ ဆရာတော် ဦးဉာဏဓဇမှ ပဌာနဥယျောဇန ဂါထာတော် ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ဆရာတော်များမှ အလည့်ကျ အသံမစဲ မဟာပဌာန်းအား မတ်လ (၁၄) ရက်နေ့ (၁၆) ရက်နေ့အထိ (၃) ရက်ကြာ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်းနှင့် မတ်လ (၁၆) ရက်နေ့တွင် မဟာပဌာန်းအောင်ပွဲအတွက် ဆွမ်းဆန်စိမ်း လောင်လှူပွဲအား ကျင်းပပြုလုပ်သွား မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး  ကျော်လင်း၊ မြင်းခြံခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရားများ တက်ရောက်ခဲ့ကြသည်။

ကျော်စွာ(မြင်းခြံ)