ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကျောက်ဆည် မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်လွဲ(၁)နာရီက ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးနိုင်ဇော်က မြို့နယ်အတွင်း အလေးအလုပ်သမားများ မည်မျှရှိသည်ကို သိရှိစေရေး လုပ်ငန်း ခွင်များတွင် စာရင်းများကောက်ယူရေး စိစစ်ဆောင်ရွက်လျက်ရှိရာ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လုပ်ငန်းများ ပူပေါင်းဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် နံရံကပ်စာစောင်များပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဟောပြောပွဲများ၊ ဆွေးနွေးပွဲများပြုလုပ်ရာတွင် အောင်မြင်စွာ ပူပေါင်းဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရခြင်းကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 ဆက်လက်ပြီး မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ရွန်းလဲ့လွင်က အသိပညာပေးဆွေး နွေးပွဲများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒေါ်နွဲ့နွဲ့ရီနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ခိုင်ကျော်(ကျောက်ဆည်)က ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများကို အသီးသီးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရ သည်။

တင်တင်ထွေး