ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ထိုးနှံပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဂွ   မတ်  ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက  မြိုနယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊  ဧည့်ရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးဇာနည်ကျော်က မတ်လနှင့် ဧပြီလအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်နီးပါး ထိုးနှံပြီးစီးနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေးများအား သတ်မှတ်ရက်အလိုက် ဆက်လက် ထိုးနှံပေးရေး၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနအနေဖြင့် စီမံချက်ပါအတိုင်း ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးရာတွင် သက်ဆိုင်ရာ   ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများက ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများတွင် ကူညီပံ့ပိုး ဆောင်ရွက်ပေး သွားရေးတို့ကို ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြချက်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ၏ ဆွေးနွေးတင်ပြချက်များကို ပြန်လည်ညှိနှိုင်း ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်