ဝမ်းတွင်း မတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံပြည်သူ (၅၅၅) ဦးအား ကိုဗစ်၁၉ရောဂါကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံ ဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Covid19ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက် / ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများအား ကိုဗစ်၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်စာရင်းများ ရေးသွင်းခြင်းများဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများကို ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ဝမ်းတွင်းမြို့နယ် အနေဖြင့် ယနေ့ နံနက်တွင် FirstDose အဖြစ် (၃၈၅)ဦး၊ SecondDoseအဖြစ်(၁၇၀)ဦး၊ ဒေသခံပြည်သူစုစုပေါင်း (၅၅၅)ဦးအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်မြို့နယ်အနေဖြင့် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို သက်ဆိုင်ရာစုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ကာကွယ် ဆေးထိုးလုပ်ငန်းများ အောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်မာရေးဦးစီးဌာနဌာဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုရဲ(ဝမ်းတွင်း)