ကျောက်တော် မတ် ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂) ကြိမ် ထိုးနှံပြီးသူများအား ထပ်ဆောင်းကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သတ်မှတ်စုရပ် နေရာအတွင်း၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ Booster Dose ဆက်လက်ထိုးနှံခြင်းများဆောင်ရွက်ခြင်းသို့ ကျောက်တော်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်စွာညွှန့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင် ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံရန်ရောက်ရှိလာသော မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကာကွယ်ဆေးမထိုးနှံမှီ စာရင်းများကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း စသည့်ကျန်းမာရေး စစ်ဆေးခြင်းများဆောင်ရွက်ကာ ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(၂)ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး Booster Dose ဆေးအား မြို့နယ်အဆင့်ဌာနဆိုင်ရာဝန် ထမ်း(၅၆၄)ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)