တံတားမြို့တွင် အသက်၁၈နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေး ကွင်းဆင်းဆောင်ရွက်         

တံတား မတ် ၁၄

ရန်ကုန်တိုင်ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြိုတွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား (Covishied Vaccine) ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ရပ်ကွက်များအတွင်း Mobile အဖွဲ့ဖြင့် ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးတည်အုပ်စုအလိုက် သက်ဆိုင်ရာရပ်ကွက်များတွင် စုရပ်နေရာများခွဲကာ ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသော ပြည်သူများအား ထိုးနှံပေးခြင်းဖြစ်ရာ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျှက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍  ကာကွယ်ဆေးထိုးနှံရန်  ရောက်ရှိလာသူများအား အမည်စာရင်း ကောက်ယူခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း ရောဂါအခံ ရှိ/မရှိ မေးမြန်းခြင်းတို့ ဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ တံတားမြို့ အမှတ်(၁) ရပ်ကွက်တွင် လူဦးရေ (၁၆၅) ဦး၊ အမှတ်(၄) ရပ်ကွက်တွင် လူဦးရေ (၁၁၀)ဦး၊  စုစုပေါင်း ( ၂၇၅ )ဦးတို့အား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မိုးဖြူလွင်(ပြန်/ဆက်)