တောင်သာမြို့နယ်အတွင်း၌ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ဆဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

တောင်သာ မတ်  ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌   အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား  ဆဋ္ဌမအသုတ်  ဒုတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် () နာရီအချိန်က    စတင်၍ တောင်သာ ..က ကျောင်း နဝရတ်ခန်းမနှင့်စုရပ် () နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆဌမအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ လူဦးရေ ပေါင်း (၄၅၀၁) ဦးရှိပြီး  ယနေ့(၄၂)ဦးကို စတင်ထိုးနှံပေးခြင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးဟန်သူရနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်သာ (အထက) ကျောင်းတွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယ အကြိမ် အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်နှင့် အခြားကျန်ရှိနေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေး အလိုက် နေ့စဉ်ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင် (တောင်သာ)