အမ်းမြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း နှင့် တိုက်ဆိုင်စစ်ဆေးခြင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

အမ်း မတ် ၁၄

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးဌေးအောင်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များကိုအခြေံ၍ ပြုစုထားသည့် အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်ပါတ်သက်၍ ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွန်းက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးရာ၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချူပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ ပူးပေါင်းပါဝင်၍ တိုက်ဆိုင်စစ်ဆေး သွားရန်နှင့် အဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများက  ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေး လုပ်ငန်းဆောင်ရွက်ရန် အကြံပြု ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က လိုအပ်သည်များပေါင်းစပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စိုးမင်းထွန်း