မိုးကောင်းမြို့၌ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

မိုးကောင်း      မတ်    ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ၌ မတ် ၁၂ ရက်နံနက် (၁၀)နာရီတွင် မျိုးဆက်ပွားကျန်းမာရေဆိုင်ရာ အသိပညာပေး Talk Show ကိုပြလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဖြိုးဖြိုးကြိုင်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန ကျန်းမာရေး ဆရာမ ဒေါ်ကေသွယ်ထွန်းတို့က မျိုးဆက်ပွားကျန်းမာရေး၊ ဆယ်ကျော်သက်နှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာများ၊ သားဆက်ခြားခြင်း နှင့်ပတ်သက်၍ နည်းလမ်းနှင့်အကျိုး ကျေးဇူး၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေကဏ္ဍများကို ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။

မျိုးဆက်ပွားကျန်းမာရေးသည် မျိုးပွားအင်္ဂါစု၏ လုပ်ငန်းဆောင်တာနှင့်ပတ်သက်၍ ရောဂါဘယာကင်းရှင်းခြင်း၊ မသန်မစွမ်းမှုများကင်းရှင်းခြင်းနှင့်ပြည့်စုံပြီး ကာယသုခ၊ စိတ္တသုခနှင့် လူမှုရေးသုခများပါ ပြည့်စုံခြင်းကိုခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ဆယ်ကျော်သက်ဆိုသည်မှာ ၁၀ နှစ်မှ ၁၈ နှစ်ထိခေါ်ဆိုပြီး ထိုချိန်တွင်ကလေးများစိတ်သည် ပြောင်းလဲလာခြင်း၊ အမူအရာပြောင်းလဲခြင်း၊ ကိုယ်နေဟန်များပြောင်းလဲခြင်း၊ စကားပြောအသံမှအစ ပြောင်းလဲမှုများဖြစ်လာသည့် အချိန်တွင် မျိုးဆက်ပွားကျန်းမာရေးသည် ၎င်းဆယ်ကျော်သက်များ သိထားသင့်ကြောင်း၊ သားဆက်ခြား ခြင်းသည်မျိုးဆက်ပွားကျန်းမာရေးအနေဖြင့် ကျန်းမာရေးဖွံ့ဖြိုးမှု၊ ဝန်ဆောင်မှုအနေဖြင့်ကိုယ်ဝန် ဆောင်ထား ပြီးမိခင် များသာမက ပြည်သူများပါ သားဆက်ခြားနည်းလမ်းများကို သိထားသင့် ကြောင်း၊ သားဆက်ခြားယုံသာမက အပြင်မှရရှိလာနိုင်သည့် လိင်မှတဆင့်ကူး စက်တတ် သော ရောဂါအားလုံးကိုလည်း ကာကွယ်ပြီးဖြစ်ကြောင်း စသည့်မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာများ အသိပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)