ကျောက်မဲ မတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်က လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ချိုဝင်းလှိုင်က ဒေသခံ ပြည်သူများ တပိုင်တနိုင် အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေများရရှိစေရန်၊ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်တတ်စေရန်၊ လူသုံးကုန်ပစ္စည်းများတွင် ပါဝင်သော ဓါတုပစ္စည်းများအကြောင်း နားလည်တတ်ကျွမ်းစေရန်၊ ပြည်တွင်းဖြစ် အရည်အသွေး ကောင်းမွန်သော လူသုံးကုန်ပစ္စည်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် လက်သန့်ဆေးရည် ပြုလုပ်နည်း အဆင့်ဆင့်ကို စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် ၅ ရက်ကြာ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ ဒေသခံပြည်သူ ၂၀ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း