တပ်ကုန်း မတ်လ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နေကြာစိုက်ပျိုးခြင်းဆိုင်ရာအသိပညာပေး (Talk Show) အစီအစဉ် ဆွေးနွေးခြင်းကို မတ်လ ၁၄ရက် နံနက် ၁၀နာရီခွဲက ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ(Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါ ဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူး ဒေါ်နှင်းသန္တာလှိုင်တို့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးမှု အခြေအနေများ၊ နေကြာစိုက်ပျိုးမှုနည်းစနစ်များ၊ ပိုးမွှားရောဂါကျရောက်မှုနှင့် ကာကွယ်နှိမ်နင်းရမည့်အချက်များ၊ နေကြာစိုက် တောင်သူများ ထွက်နှုန်းကောင်းမွန်သည့် မျိုးရွေးချယ်ရေးအကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန် အတွက် Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပ ခဲ့သည့် နေကြာစိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး(Talk Show)အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook pageတွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်