Clean And Green City ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြေသားလမ်းမှ ကွန်ကရစ်လမ်းသို့ အဆင့်မြှင့်တင်ခြင်း ရာနှုန်း ပြည့်ပြီးစီး

ပင်လောင်း   မတ်  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ Clean And Green City ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် မင်္ဂလာကွက်သစ် ရပ်ကွက်၊ ဘုရင့်နောင်လမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 အရှည်ပေ (၂၈၀)ရှိ မြေသားလမ်းအား Clean And Green City ဖွံ့ဖြိုးရေး စီမံကိန်းအရ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်တွင် ပစ္စည်းများ၀ယ်ယူသုံးစွဲရန်အတွက် ခွင့်ပြုငွေကျပ် (၂.၂၅)သန်းနှင့် ပြည်သူလူထုမှ ထည့်ဝင်ငွေကျပ်(၂.၂၅)သန်းဖြင့် ယခင်မြေသားလမ်းအား အရှည်ပေ ၂၈၀၊ အကျယ် ၁၂ ပေနှင့် အထူ ၄လက်မခွဲ ရှိကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီးဖြစ်သောကြောင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ အနေဖြင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာသီမရွေး သွားလာရေး အဆင်ပြေချောမွေ့ပြီး များစွာအကျိုးဖြစ်ထွန်းစေကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးထံမှ သိရသည်။

ခွန်ရဲ(ပင်လောင်း)