၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်း(၈)ခုနှင့် သားသတ် လိုင်စင်(၇)ခု စျေးပြိုင် လေလံစနစ်ဖြင့် ရောင်းချ

မိုင်းရှူး     မတ်     ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်း(၈)ခုနှင့် သားသတ်လုပ်ငန်း (၇)ခု တို့ကို မတ်လ ပထမပတ်အတွင်း စျေးပြိုင်လေလံစနစ်ဖြင့်  ရောင်းချခဲ့ကြောင်း သိရသည်။

အဆိုပါ စျေးပြိုင်လေလံစနစ်ဖြင့် လုပ်ငန်းအားလုံးအတွက် ကြမ်းခင်းစျေး ကျပ် (၆၉၀.၅၀) သိန်းဖြင့် ရောင်းချ ခဲ့ရာ အရပ်ရပ်အခွင့်အရေးလုပ်ငန်း (၆)ခု နှင့်သားသတ်လုပ်ငန်း(၇)ခုတို့ကို ကျပ်(၈၁၂.၃၀)သိန်းဖြင့် ရောင်းချ ရရှိခဲ့ပြီး ကြမ်းခင်းစျေးထက်ကျပ် (၁၂၁.၈) သိန်းပိုမိုရရှိခဲ့ ကြောင်း မိုင်းရှူးမြို့ နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဉာဏ်ထွန်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)