မိုင်းဖြတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ “လူငယ်လမ်းညွှန်”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မိုင်းဖြတ် မတ် ၁၄

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  စာပေချစ်မြတ်နိုးသူများအသင်း  (Book Club) ၏ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ မိုင်းဖြတ်မြို့နယ်၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးမျိုးတင့်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စပ်လျဉ်းပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာ  ဒေါက်တာကျော်စိန် ရေးသားသည့် လူငယ်လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရာ စာပေချစ်မြတ်နိုး သူများအသင်း (Book Club) အတွင်းရေးမှူး ဦးအောင်မြတ်မိုးက လူငယ်နှင့်ပေါင်းသင်း ဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများ အသင်းဝင် ဒေါ်အိအိဝင်း က လူငယ်နှင့် ဘာသာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးမာက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဖတ်ကြား ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်းအရာ အရေးအသားများနှင့် လူငယ်များအတွက် ဘဝလမ်းညွှန်ရေးသားချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့က စာပေအသိပညာ ဗဟုသုတတိုးပွားပြီး စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် တစ်လလျှင်တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

​သန်းထွန်းအေး