ကွမ်းခြံကုန်းမြို့နယ်တွင် Mask Campaign ဆောင်ရွက်

ကွမ်းခြံကုန်း မတ်  ၁၄

 ရန်ကုန်တိုင်းဒေသကြီး၊ ​တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများနေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင် သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ကို  ယမန်နေ့နံနက် ၇ နာရီအချိန်က ဗိုလ်ချုပ်လမ်း၌  ပြုလုပ်ခဲ့သည်။

 ထိုသို့ ပြည်သူများ ပါးစပ် / နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ဆောင်ရွက်ရာတွင် ဈေးဝယ်သူများနှင့် ခရီးသွား​ပြည်သူများအား ကို​ဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်မှ ထွက်ခွာတိုင်း မဖြစ်မနေ ပါးစပ် / နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား Mask များကို အခမဲ့ဖြန့်ဝေပေး၍ စနစ်တကျတပ်ဆင်စေခြင်းတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ပြီးပါးစပ်/ နှာခေါင်းစည်းအား ပြည်သူများထံ အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ (Mask Campaign) ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်ပြည်သူ့ ကျန်းမာရေးဉီးစီးဌာနမှ  ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့၊ မြို့နယ်မီးသတ်ဉီးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(ဆွေနွယ်IPRD)