ဥတ္တရသီရိမြို့နယ်တွင် မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်နှစ်လုံးပျက်စီး

ဥတ္တရသီရိ မတ် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ငန်းစပ်ကျေးရွာရှိ နေအိမ်တစ်အိမ်၌ ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် Air Con အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့သည်။

မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၅)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အဆိုပါမီးလောင်မှုကြောင့် လူနေအိမ်နှစ်လုံး ပျက်စီးခဲ့ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)