မောက်မယ် သြဂုတ် ၃၀
ရှမ်းပြည်နယ် ( တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Maskများ တပ်ဆင်ခြင်းရှိ/မရှိကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ၊ ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရနှင့် အဖွဲ့၀င်များ ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ က ယနေ့နံနက် ၆ နာရီက ရှောင်တခင်စစ်ဆေးခဲ့သည်။
ထိုသို့ရှောင်တခင်စစ်ဆေးရာတွင် မြို့အဝင်အထွက်ဂိတ်များနှင့် ယာယီပျံကျစျေးတွင်နှာခေါင်းစည်း Maskများ တပ်ဆင်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးပြီး ကိုရိုနာဗိုင်းရပ်(စ်) ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရမည့် နည်းလမ်းများ နှင့် လိုက်နာရန် စည်းကမ်းချက်များကို အသိပညာပေးပြီး နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ယခုဝယ် ယခု တပ်စနစ်ဖြင့် ရှောင်တခင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်( မောက်မယ်)