ညောင်ဦး မတ် ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ အနော်ရထာ မင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေဆံတော်ဘုရားကြီး ဗုဒ္ဓပူဇနိယပူဇော်ပွဲကို မတ်လ ၁၆ရက်၊ ၂၀၂၂ ခုနှစ်၊ ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၁၅ ရက်နေ့တွင် ဆွမ်းသပိတ်ကပ် လှူပူဇော်ခြင်းဖြင့် အကျဉ်းချုံးကျင်းပမည်ဖြစ်ကြောင်း ရွှေဆံတော်ဘုရားကြီး ဂေါပဥက္ကဌ ဦးဌေးထံက သိရသည်။
ရွှေဆံတော်ဘုရားကြီးအား အေဒီ ၁၁ ရာစုတွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် သမိုင်းအထင်ကရဘုရားများတွင် ပါဝင်ပြီး ဗုဒ္ဓဘုရားရှင်၏ ဆံတော်အစစ်ကို ဌာပနာထားသည့် ဘုရားကြီးဖြစ်ကြောင်း၊ မတ်လ ၁၆ ရက်၊ တပေါင်းလဆန်း ၁၅ ရက်နေ့တွင် ပင့်သံဃာ ၄၅ ပါးတို့အား ဆွမ်းသပိတ်လုံးကပ်လှူပူဇော်ပြီး ရေစက်သွန်းချအမျှအတန်း ပေးဝေမည်ဖြစ် ကြောင်း သိရသည်။
ကိုထိန်၊ KPD