နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသို့ အလှူငွေများလှူဒါန်း

နောင်ချို မတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေး အသင်းသို့ ယမန်နေ့က အလှူငွေများကို အလှူရှင်များက လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။

လှူဒါန်းရာတွင် နောင်ချိုမြို့နယ် နောင်သြကျေးရွာနေ ဦးနေလင်းဦး+ဒေါ်ပပဝင်းမိသားစုမှ အလှူငွေကျပ် တစ်သိန်းကို လှူဒါန်းခဲ့ရာ   သဖန်းကိုင်းပရဟိတ ဆရာတော်မှ လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။  ​         

သဖန်းကိုင်းပရဟိတ လူမှုကူညီရေအသင်း ကုသရေးစင်တာတွင်ပိုးတွေ့ လူနာများ၏ ကျန်းမာရေး ကိစ္စများကို ဆရာတော်နှင့်အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့၏ အနီးကပ်ကြီးကြပ်မှုအတိုင်ပင်ခံ သမားတော် (၁)ဦး၊ ဆရာဝန်(၁)ဦး၊  သူနာပြု (၄) ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ လူနာများအတွက် သောက်ရေ၊ သုံးရေ၊ လျှပ်စစ်မီး၊ အောက်ဆီဂျင်၊ နေရာထိုင်ခင်း၊ စားသောက်ရေး၊ ဆေးဝါးပစ္စည်းများ အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း အောက်ဆီဂျင်လို အပ်ချက်များအား ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သောနေရာများသို့ ပိုးသတ်ဆေးဖျန်းပေးခြင်းများအပြင်  အခြားကျန်းမာရေးကိစ္စများတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။ 

ထွေးငယ်၊ (ပြန်/ဆက်)