ပင်လောင်းမြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် အဋ္ဌမတန်းစာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ပင်လောင်း မတ်  ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၁  -  ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက်  အဋ္ဌမတန်းစာမေးပွဲကို  (၁၇-၃-၂၀၂၂ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ (၂၃) ရက်‌နေ့အထိ စာစစ်ဌာန (၄၄) ခုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ  အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၂) (ပင်လောင်း) (ကျောင်းခန်းမ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပင်လောင်းမြို့နယ် ပညာရေးမှူးဦးတင်ငွေက စာစစ်ဌာနထားရှိသည့် ကျောင်းများ အနေဖြင့် ကြိုတင် စီမံဆောင်ရွက်ထားရှိရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၏ သိရှိလိုသော မေးခွန်းများကို မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိ သူများက ပြန်လည်ဖြေကြား ရှင်းလင်းခဲ့သည်။

ပင်လောင်းမြို့နယ်တွင် အလယ်တန်းဆင့် အဋ္ဌမတန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား (၈၉၅) ဦးနှင့် ကျောင်းသူ (၁၁၈၃) ဦး၊ စုစုပေါင်း (၂၀၇၈) ဦးရှိကြောင်း သိရသည်။

ခွန်ရဲ(ပင်လောင်း)