လင်းခေးတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက လှည့်လည်နှိုးဆော်

လင်းခေး       သြဂုတ်  ၃ဝ

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူလူထုအတွင်း ပိုမိုသိရှိလိုက်နာစေရေး လှည့်လည်နှိုးဆော်ပေးခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက လင်းခေးမြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က မြို့လူစည် ကားရာနေရာတို့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်းရှိအများပြည်သူတို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန်ပွား မခံရစေရေး ရည်ရွယ်လျက် မြို့နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန၊မြို့နယ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် လတ်တလော ကမ္ဘာပေါ်၌ဖြစ်ပေါ်ပြန်ပွားလျက်ရှိသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ(COVID-19 Disease) အန္တရာယ်အား ကူးစက်ခံရခြင်းမရှိစေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန(ဗဟို)မှထုတ်ပြန် ထားသည့် ၄င်းရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိပြည်သူများအားလုံး မဖြစ်မနေပြင်ပသို့ သွားလာလျှင် နှာခေါင်းစီး(Mask)မဖြစ်မနေ စနစ်တကျတပ်ဆင်ပြီးမှထွက်ရန်၊ မကြာခဏ လက်ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဥ်ရန်၊ တစ်ဦးနှင့် တစ်ဦးပြောဆိုဆက်ဆံလျင်ခပ်ခွာခွာနေရန်၊ နေရပ်ပြန်ပြည်သူ များဝင်ရောက်လာမှုရှိခဲ့လျှင် ကျန်းမာရေးဌာနသို့ အသိပေး အကြောင်းကြားစေရန်၊ သတ်မှတ်ထားသောပြင်ပသွားလာခြင်း ထိန်းချုပ်ရေး (Quarantine Center)ဝင်ရောက်ပေးကြရန် စသည့်ကိုဗစ်၁၉ရောဂါကာကွယ်ထိန်း ချုပ်ရေး လုပ်ငန်းစဥ်များနှင့်ပတ်သက်သော အချက်အလက်များကိုလင်းခေးမြို့၊လူစည်ကားရာနေရာ၊ ရပ်ကွက်ကျေးရွာနေပြည်သူတို့ ပိုမိုသိရှိလိုက်နာစေရေး ထပ်ဆင့်နှိုးဆော်ကွင်းဆင်း လှည့်လည် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)