မိုင်းရယ် မတ် ၁၂
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွဲ့စည်းထားသည့် Book Club အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community centerခန်းမ၌ ကျင်းပသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာက စာရေးဆရာ ဒေါက်တာ ကျော်စိန်ရေးသားသည့် လူငယ်လမ်းညွှန် စာအုပ်မှ လူငယ်နှင့် ပညာရေးဆောင်းပါးအား ဦးဆောင်ဆွေးနွေးပေးပြီး အဖွဲ့ဝင် ကျောင်းသား/သူများက ယင်းလူငယ်နှင့် ပညာရေးဆောင်းပါးတွင် ပါရှိသည့် ပညာဟူသည်၊ ဉာဏ်ရည်နှင့် ထမြောက်မှု၊ သင်ယူရမည့်အရာနှင့် သင်ယူနည်းစသည့် ခေါင်းစဉ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြ သည်။
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Book Club, Youth Club, Women club များ ဖွဲ့စည်းထားရှိပြီး လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အထ များတိုးပွားစေရေး၊ စာကြည့်တိုက်အား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးနှင့် မိမိလေ့လာထားသမျှ တို့အား မိမိပတ်ဝန်းကျင်တွင် ပြန်လည်မျှဝေနိုင်စေ ရေးအတွက် လစဉ် ပြပွဲ၊ ပြိုင်ပွဲ၊ စာဖတ်ဝိုင်း၊ အသိပညာပေး Talk Show များကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ဟန်နီခင်(မိုင်းရယ်)