သာကေတမြို့နယ်၌ မီးဘင့်သင့်အိမ်ထောင်စု (၁၄) စုအား ထောက်ပံ့ပစ္စည်းနှင့် ငွေသားများ ထောက်ပံ့ပေးအပ်

သာကေတ မတ်လ ၁၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ ဇေယျဝတီ (၃) လမ်းအနောက်၌  မတ်လ(၁၁)ရက်နေ့ ည (၁၂:၀၀)အချိန်၌မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့ သော  အိမ်ထောင်စု (၁၄) စုအား ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်၌ (၁၀) တောင်ရပ်ကွက်၊ သလ္လာဝတီလမ်းရှိ မီးဘေးသင့်ယာယီစခန်း ဖွင့်လှစ်ထားသော နှစ်ကျိပ်ရှစ်ဆူ (ဗဟို) ဓမ္မာရုံတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင် ဦးဆောင်၍ အဖွဲ့ဝင် (၁) ဗိုလ်မှူးသူရိန်ဇော်၊     မြို့နယ် ရဲတပ်ဖွဲ့ရဲမှူး ဇော်ဝင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးဦးမင်းမင်း၊    ရပ်ကွက် (၁၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် ပရဟိတ လူမှုကူညီရေးအဖွဲ့ဝင်များမှ သွားရောက်ထောက်ပံ့ခဲ့သည်။

ရှေးဦးစွာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးညီညီအောင်မှ    မီးဘေးသင့်ပြည်သူများအား အမှာစကား ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းခဲ့သည်။ ဆက်လက်၍  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ  စုပေါင်း ထည့်ဝင်ထောက်ပံ့ငွေ၊ရ ပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စုပေါင်း ထည့်ဝင်ထောက်ပံ့ငွေများ စုပေါင်း၍  တစ်အိမ်ထောင်လျှင် ငွေကျပ် (၃၀၆၅၀၀/)၊ အိမ်ထောင်စု (၁၄) စုအတွက် ငွေကျပ် (၄၂၅၁၀၀၀/) တိတိနှင့် မြို့နယ်ကြက်ခြေနီအသင်းနှင့် စေတနာရှင် ပြည်သူများစုပေါင်း လှူဒါန်းထောက်ပံ့သည့်  တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၅၀၀၀၀/-) အိမ်ထောင်စု (၁၄) စုအတွက် ငွေကျပ် (၂၁၀၀၀၀၀/-) တန်ဖိုးရှိသည စားသောက်ကုန် နှင့် အသုံးဆောင်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)