ပေါင်းလောင်းချောင်း သဘာဝ‌ရေပြင်တွင် ငါးသားပေါက်ကောင်ရေ တစ်သိန်းစိုက်ထည့်

ဟိုပုံး မတ် ၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ‌ပေါင်းလောင်းမြို့ရှိ ပေါင်းလောင်း ချောင်းသဘာဝ‌ရေပြင်တွင် ငါးသားပေါက်ကောင် တစ်သိန်း စိုက်ထည့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က စိုက်ထည့်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများ ပိုမိုဖမ်းယူစားသုံးနိုင်ရေးနှင့် ငါးလုပ်ငန်းဖြင့် အသက်မွေးဝမ်း‌ကျောင်းသည့် မိသားစုများ တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားလာစေရေးအတွက် သဘာဝ၊ မြစ်၊ချောင်း၊ ဆည်၊ တာတမံကန်များ အတွင်း ငါးမျိုးများ စိုက်လျက် ရှိကြောင်းခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ စိုက်ထည့်ရာတွင် ပင်လောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင် များ၊ တာဝန်ရှိသူများက ငါးမြစ်ချင်း၊ ငါးခုံးမ သား‌ပေါက်ကောင်ရေ စုစုပေါင်းတစ်သိန်း စိုက်ထည့်ခဲ့ကြ ကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)