ဝေမျှခြင်းပရဟိတမိသားစုမှ စံပြကျေးရွာသို့ သောက်သုံးရေ ၁၆၀၀ဂါလံလှူဒါန်း

ညောင်ဦး  မတ်  ၁၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု စံပြကျေးရွာ   ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော် တာဝန်ခံ ဦးဝင်းမင်းထွန်းက ပြောကြားသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု စံပြကျေးရွာ အတွက် သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေ လိုအပ်လျက်ရှိ သောတဲတိုက်များ၊ ကျေးရွာများ အတွက်ရန်ကုန်မြို့ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် စံပြ ကျေးရွာအတွက် ၁၆၀၀ ဂါလံလှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၁၀၁၈၀၀ ညောင်ဦး မြို့နယ်သောက် သုံးရေလိုအပ်နေသော ကျေးလက် ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် စံပြကျေးရွာတွင်  မြေသားရေလှောင်ကန်အတွင်းသို့ မိုးရေဝင် ရောက်မှုများခဲ့ သော်လည်း သုံးလလောက်ပဲ မြေသားရေလှောင်ကန်ထဲကသုံးနိုင်ခဲ့ကြောင်း စံပြကျေးရွာတွင် အိမ်ခြေ ၁၅၀နှင့် လူဦးရေ ၆၀၀ ကျော်နေနိုင်သည့် ကျေးရွာဖြစ်ကာ နွား၊ဆိတ်၊ ဝက်ကလည်း အိမ်တိုင်းလိုလိုမွေးမြူထားခြင်းကြောင့် မြေသားမိုးရေလှောင်ကန် ရေစောစောကုန်သွားခြင်း ဖြစ်ကြောင်း ပနီတွင်းကျေးရွာ ဦးမုန်းကပြောကြား၍ သိရသည်။

ကိုထိန်၊KPD