ရန်ကင်း မတ် ၁၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ရန်ကင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ နံနက် ၁၀ နာရီက မြု့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်မှာစကားပြောကြားရာ တွင်ရန်ကင်း မြို့နယ် အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးခဲ့သော် လည်း ကျန်ရှိနေသည့် သွေးနှောများအတွက် ဆက်လက်ဆောင်ရွက်သွားရန်၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် အလေးထား ဆောင်ရွက်ရန်၊ နွေရာသီရောက်ရှိ လာပြီဖြစ်တဲ့အတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရန်၊ အခြခံပညာကျောင်းများတွင် အတန်းတင် စာမေးပွဲများ ပြုလုပ်ရာ၌ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲများဖြေဆိုနိုင်ရေးအတွက် စီမံ ဆောင်ရွက်သွားရန် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှလည်း မိမိတို့၏ ဌာနဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီးတင်ပြ ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
အိရွှေစင်(ပြန်/ဆက်)