မိုးမောက်မြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မိုးမောက် မတ် ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြော ပွဲကို မတ် ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးမောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်သက်က မီးဘေးလုံခြုံရေးနှင့် မီးသတ်ဆေးဘူး အသုံးပြုပုံများကို ရှင်းလင်း ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက မီးဘေးအန္တရာယ်အကြောင်းနှင့် အသိပညာဗဟု သုတရဖွယ်ရာ "တကယ်ကောင်းတဲ့ ဟောပြောပွဲတစ်ခု" ဟူသောခေါင်းစဉ်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ အ.မ.က မူလွန် ကြေးနန်းကျောင်းမှ ကျောင်းသား/သူ ၃၀ဦးတို့က ကိုဗစ် စည်းကမ်းနှင့်အညီ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)