နမ့်စန်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း

နမ့်စန်() မတ်  ၁၁

 ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက် ၁၀နာရီတွင် အမှတ် (၄) ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်စုလှိုင်ဝင်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ရွေ့လျားစာကြည့်တိုက်များ ဆောင်ရွက် ရခြင်းတို့နှင့် ပတ်သက်၍ပြောကြားခဲ့သည်။

ထို့နောက် စာကြည့်တိုက်မှူးနှင့် ဝန်ထမ်းများက မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်ဝန်ထမ်းများ အတွက် ရွေ့လျား စာကြည့်တိုက်စနစ်ဖြင့် သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးကာ စာဖတ်ဝိုင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်ပြန်/ဆက်