ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် သားသတ်နှင့် အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်များ စျေး​ပြိုင် စနစ်ဖြင့် လေလံရောင်းချခြင်း အခမ်းအနားပြုလုပ်

ဟိုပုံး   မတ် ၁၁

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် သားသတ်နှင့်အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ စျေး​ပြိုင်စနစ်ဖြင့် လေလံရောင်းချခြင်း အခမ်းအနားကို မြို့နယ် စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီ အချိန်က ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊  အဖွဲ့ဝင်ဦးကိုကိုလင်းက အမှာစကားပြောကြားပြီးနောက် မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်က လုပ်ငန်းလိုင်စင်များနှင့် ပတသက်သည့် လိုက်နာ​ဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

 ဆက်လက်၍ လေလံတင်ရောင်းချရာတွင် သားသတ်လုပ်ငန်းလိုင်စင်(၈)ခုမှ လိုင်စင်ကြေး ငွေကျပ် (၃၆၀၀၀၀၀၀)၊ အရပ်ရပ်အခွင့်အရေးလိုင်စင်(၇)ခုမှလေလံကြေးငွေကျပ် (၄၂၇၅၀၀၀၀)၊ စုစုပေါင်း ငွေကျပ်(၇၈၇၅၀၀၀၀)အား စျေးပြိုင် စနစ်ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးဌာနထံမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)