မဘိမ်းမြို့၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် ဒုတိယအကြိမ် လေလံတင်ရောင်းချ

မဘိမ်း မတ် ၁၁              

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်မဘိမ်းမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ် စည်ပင်သာယာရေးဌာနမှ အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင် များအား ဈေးပြိုင်စနစ်ဖြင့် ဒုတိယအကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မဘိမ်းမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးထွန်းလွင်နှင့် ပြည်နယ်လေလံကြီးကြပ်၊ လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးတိုးဇော်ထွန်းတို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးဝင်းမြတ်ကျော်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မဘိမ်းမြို့နယ်၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသည့် စည်းကမ်းချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ စုစုပေါင်း(၃)ခုအား ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခဲ့ရာ စုစုပေါင်းလေလံကြေးငွေကျပ် ၁၅၅၅၀၀၀၀ ဖြင့် အောင်မြင်စွာရောင်းချနိုင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးဝင်းမြတ်ကျော်ထံမှ သိရသည်။

မျိုးမင်း (ပြန်/ဆက်)