ပုသိမ်ကြီးမြို့နယ်တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပုသိမ်ကြီး မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တွင် ကလေးများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန၌ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲများ ကျင်းပ လျက်ရှိသည်။

ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇင်မင်းထွန်းမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုလေ့လာခြင်းကြောင့် အသိပညာ ဗဟုသုတရရှိကာ စာဖတ်စွမ်းရည် မြှင့်တင်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ အထကပုသိမ်ကြီးမှ ကျောင်းသား၊ ကျောင်းသူများက ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ဒုတိယမြို့နယ် ဦးစီးမှူး ဒေါ်ကြည်ကြည်နွဲ့ က မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့သည်။

ပြိုင်ပွဲအခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်းနှင့် ဝန်ထမ်းများ၊ အထကပုသိမ်ကြီးမှ အလယ်တန်းပြ ဆရာမ ဒေါ်သဲအေးသန့်ဇင်နှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို