မြစ်ကြီးနား မတ် ၁၁
(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ် (၁၂) နာရီက စားပွဲတင် တင်းနစ်အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးကျော်ထက်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြေားကြားခဲ့သည်။
ထို့နောက် မတ်လ (၈) ရက်နှင့် (၉) ရက်နေ့များတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် စာပွဲးတင် တင်နစ်ပြိုင်ပွဲတွင် ဆုရရှိသည့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ အားကစားဝါသနာရှင်များအား အမှတ်တရ ဂုဏ်ပြုဆုတံဆိပ်များနှင့် စာရေးဆရာ အကြီးကိုကို(ကသာ)၏ (၁၂) ကြိမ်မြောက် မဲခေါင်စာပေ ဆုရရှိခဲ့ သည့် ပြိုပျက်ခဲ့သော သက္ကရာဇ်များ စာအုပ်ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)