ပင်လုံမြို့ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ မီးငြှိမ်းသတ်မှု သရုပ်ပြသ

ပင်လုံ    မတ်  ၁၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း        (ပင်လုံ) မီးငြှိမ်းသတ်မှုသရုပ်ပြပွဲကို ယမန်နေ့ ညနေ နာရီက အဆိုပါသင်တန်းကျောင်းကွင်းပြင်၌ ပြုလုပ်သည်။

ရှေးဦးစွာ သင်တန်းကျောင်းခန်းမတွင် ပင်လုံနယ်မြေ မီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးရဲအောင် က မီးသတ်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညပေးခြင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် မီးငြိှမ်းသတ်ရာတွင် အသုံးပြုသည့် မီးသတ်ဆေးဗူးများကို ရျင်းလင်းပြသ မိတ်ဆက်ပြီးနောက် လက်တွေ့မီးငြှိမ်းသတ်ခြင်းကို ကျောင်းသား/သူများ ပါဝင်စေပြီး သရုပ်ပြသကြကြောင်း သိရသည်။

 လွိုင်လင်မိုး