ပင်လုံ မတ် ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ (ပင်လုံ) ကျောင်းခန်းမ၌ သတင်းအမှား/ အမှန် ခွဲခြားသုံးသပ်ရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁၃:၃၀) နာရီက ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ ကျောင်းအုပ်ကြီး ဦးသိန်းထွန်းက အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ယင်းနောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ကြည်လွင်က မူးယစ်ဆေးဝါး ဆိုးကျိုးများကိုလည်းကောင်း၊ ပင်လုံနယ်မြေရဲစခန်း ဒုတိယရဲအုပ် စိုးလှိုင်က ဥပဒေများ ၊ပုဒ်မများဖြင့်အရေးယူ အပြစ်ပေးမှုကိုလည်းကောင်း၊ ပင်လုံနယ်မြေမီးသတ်စခန်းမှ ဦးရဲအောင်က မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း အသီးသီးဟောပြောကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းဦးခမ်း က သတင်းအမှန်/သတင်းမှားများ၊ လုပ်ကြံသတင်းများကို ခွဲခြားသုံးသပ်နိုင်ရန် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်က အသိပညာပေးဟောပြောပွဲနှင့် ပတ်သက်၍နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကိုရုတ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့်ဆရာ/ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများတက်ရောက်ကြပြီး အခမ်းအနားကို ကိုဗစ် -၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး