တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးစစ်ဆေးဆောင်ရွက်

တောင်ဥက္ကလာပ   မတ်   ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေရေးအတွက်  ယနေ့နံနက်(၉:၃၀)အချိန်က အမှတ်(၃) ရပ်ကွက် ဝေဇယန်တာလမ်းနှင့် အမှတ်(၄) ရပ်ကွက် ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းဆုံတို့တွင် ယာဉ်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှု များပြားသည့် မြို့နယ်အတွင်းရှိ ဝေဇယန်တာလမ်းမကြီး၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းဆုံတို့တွင် ယာဉ်တိုက်မှု မဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက်မြို့နယ် မော်တော်ယာဉ် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်း တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပြီး လူစည်ကားရာနေရာဖြစ်သည့် စျေးများတွင်လည်း စျေးဝယ်သူ၊ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်လမ်းရှင်းလင်းစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)