ကျောက်တော် မတ် ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီ ခရွန်ရောဂါကူးစက်ပြန့်နှံမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ကမ္ဘာ့ရတနာဘဏ်ရှေ့ လူစည်ကားရာလမ်းဆုံနေရာတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြည်သူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက် ပျံနှံ့မှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ကျောက်တော်မြို့နယ်အတွင်းရှိ တယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မိဘပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လမ်းသွားလမ်းလာပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သုံးဘီးဆိုင်ကယ် မောင်းနှင်သူများ၊ ထွေလာဂျီမောင်းနှင်သူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများနှင့် ခရီးသွား ပြည်သူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာမှုမရှိသော ပြည်သူများ အား ဒဏ်ငွေနှစ်ရာကျပ်ပေးဆောင်စေပြီးမှ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) နှစ်ခုအားပေးအပ်ပြီး ချက်ချင်းတပ်ဆင်သွားလာစေခြင်းများအား ကွင်းဆင်းစစ်ဆေး ဆောင်ပေးရွက်လျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း