ပုံပါကျင်မြို့၊ နားကောင်းမူး‌(ဘဝသစ်ကျေးရွာ)၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

ပုံပါကျင် မတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ နား‌ကောင်းမူး(ဘဝသစ်)ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို နားကောင်းမူး(ဘဝသစ်)ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်း က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်‌နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နားကောင်းမူး(ဘဝသစ်)ကျေးရွာအတွင်းရှိ  အိမ်ထောင်စု (၁၂) စုအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၅၀) ဦးကို ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

"လှုမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့"ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံသားများဖြစ်ကြ‌သော တိုင်းရင်းသားများနှင့် ဥပ‌ဒေအရနိုင်ငံသားများအားဥပ‌ဒေနှင့် အညီကိုင်ဆောင်သင့်‌သောကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား‌ ဆောင်ရွက်မည့်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်/ မြို့အသီးသီးရှိလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးများထံသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

သန္တာ(ပြန်ဆက်)