အမ်း မတ် ၁၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပြည်သူများအား စာပေဗဟုသုတတိုးပွားလာစေရေး၊ အတွေးအခေါ် အမျှော်အမြင်များ တိုးပွားလာပြီး ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ်တတ်လာစေ ရေးနှင့် စာအုပ်စာစောင်များ နေ့စဉ်ဖတ်ရှု လေ့လာတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် မိုဘိုင်းစနစ်ဖြင့် သုတ၊ ရသစာအုပ်များကို စနစ်တကျ ငှားရမ်းပေး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးနှင့် ဝန်ထမ်းများသည် လေယာဉ်ကွင်းရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ သွားရောက်၍ အမျိုးသမီးငယ်များအား သုတ၊ ရသ၊ ကာတွန်း၊ ရုပ်ပြစာအုပ်များကို မိုဘိုင်းစနစ်ဖြင့် စနစ်တကျ ငှားရမ်းပေးခဲ့ကြသည်။
စိုးမင်းထွန်း